NaingLinHan

Just For Note

How To Install VirtualBox On Ubuntu — November 2, 2016

How To Install VirtualBox On Ubuntu

ဒီနေ့တော့ Ubuntu မှာ virtualbox အသုံးပြုနည်းလေး ရေးပါမယ်။ VirtualBox ကို Operation system တွေကို စမ်းသပ်ကြည့်ဖို့ပဲဖြစ်ဖြစ် Guest Os အနေနဲ့ အသုံးပြုဖို့ပဲဖြစ်ဖြစ် သုံးပါတယ်။  Linux ကို စပြီး အသုံးပြုသူတွေ အများဆုံးတွေ့ရတဲ့ ပြဿနာက Windows မှာ အရင်က သုံးနေကျ software တွေ သုံးလို့မရတော့တာပါ။ သူနဲ့ ဆင်တူ software တွေရှိရင် အဆင်ပြေပေမယ့် မရှိရင်တော့ တော်တော် ဒုက္ခရောက်ပါတယ်။ Dual တင်ရင်လဲ Linux သွားလိုက် Windows ထဲသွားလိုက်နဲ့ အချိန်ကုန်ပါတယ်။ ဒါဆိုဘယ်လိုလုပ်မလဲ?? Wine လိုမျိူး Windows က software တွေကို သုံးလို့ရတာမျိူး သုံးမလား?? Wine က software တော်တော်များများနဲ့ အဆင်မပြေပါဘူး။  စာဖတ်သူရဲ့ computer က ram 4 GB နဲ့ အထက်ရှိရင်တော့ VirtualBox ကို သုံးကြည့်ဖို့ တိုက်တွန်းပါတယ်။ Ram 2 GB လောက်ပဲရှိရင်တော့ သိပ်အဆင်မပြေပါဘူး။ ရှိတဲ့ ram ကို OS နှစ်ခု တပြိုင်တည်းသုံးသလို ဖြစ်နေတဲ့အတွက် လေးနေမှာပါ။ Dual တင်လိုက်တာက ပိုအဆင်ပြေမှာပါ။

virtualbox

Continue reading

Create Shortcut in Ubuntu —

Create Shortcut in Ubuntu

imagesUbuntu မှာ တစ်ချိူ့  software တွေက shortcut မပါပါဘူး command line နဲ့ ရိုက်ပြီး ဖွင့်ရတာမျိူးတွေရှိပါတယ်။ command line တွေရှည်လို့ မမှတ်မိမှာ စိုးရင် shortcut လေးတွေလုပ်ထားပြီး အလွယ်ဖွင့်လို့ရအောင် ဒီလိုလေး လုပ်ထားလို့ရပါတယ်။ ပထမ gnome panel ရှိဖို့လိုပါမယ်။ အရင်က gnome tweak tool သွင်းထားရင် သွင်းစရာမလိုပါဘူး။ မသွင်းရသေးရင်တော့ အောက်က command ရိုက်ပြီးသွင်းပါ။ Continue reading

Download YouTube Videos Without Apps — July 12, 2016

Download YouTube Videos Without Apps

ကျွန်တော်တို့ YouTube App နဲ့ offline save လို့ရပေမယ့်  Save ထားတဲ့ Video တွေကို Encrypt လုပ်ထားလို့ တခြား Video Player တွေနဲ့ဖွင့်လို့မရပါဘူး။ YouTube ကလဲ Download ချင်တယ် App ကလဲ အလွယ်မရှိဘူးဆို ဒီနည်းလေးကို လွယ်လင့်တကူ အသုံးပြုနိုင်မှာပါ။

Continue reading

Ubuntu For Beginner — July 7, 2016

Ubuntu For Beginner

Ubuntu မိတ်ဆက်

Ubuntu ဟာ Linux Distro တွေထဲမှာ လူသုံးအများဆုံးဖြစ်တဲ့ Debian ကို အခြေခံထားပြီး Desktop နဲ့ Server ဆိုပြီး ၂ မျိူးထွက်ပါတယ်။ Ubuntu ဆိုတာ အာဖရိက ဘာသာစကားဖြစ်ပြီး ဥဘူးတု(Oo-Bon-Tuu) လို့ အသံထွက်ပြီး တစ်ဦးနှင့် တစ်ဦးစာနာမှု၊ လူသားဆန်မှုလို့ အဓိပ္ပါယ်ရပါတယ်။ Ubuntu ကို 2004 October မှာ Canonical Ltd က စတင်ဖြန့်ချီခဲ့ပါတယ်။ Ubuntu ဟာ Open Source ဖြစ်ပြီး အခမဲ့အသုံးပြုခွင့် ပေးထားပါတယ်။ Ubuntu ကို ၄လပိုင်း မှာ တစ်ကြိမ် ၁၀လပိုင်း မှာ တစ်ကြိမ်၊ တစ်နှစ် မှာ နှစ်ကြိမ် ထုတ်ဝေပါတယ်။ Version တစ်ခုကို ကိုးလ အခမဲ့ထောက်ပံ့ပေးထားပြီး LTS(Long Term Support) ကို ၂ နှစ်မှာ တစ်ကြိမ် ထုတ်ပါတယ်။ Desktop အတွက် ၃နှစ်ထောက်ပ့ံပေးပြီး Sever အတွက် ၅နှစ် ထောက်ပံ့ပေးပါတယ်။ အသစ်အသစ်တွေကို ကြိုက်ရင် ခြောက်လ တစ်ကြိမ် Update နိုင်ပြီး stable ဖြစ်တာကြိုက်ရင်တော့ ၂ နှစ် တစ်ကြိမ် Update လုပ်နိုင်မှာပါ။ Ubuntu version တွေ ကို code တွေနဲ့ သတ်မှတ်လေ့ရှိပါတယ်။ ၂၀၁၅ ၁၀လ ပိုင်းမှာ ထွက်တဲ့ version ကို 15.10 လို့ခေါ်ပြီး Wily Werewolf လို့ နာမည်ပေးပါတယ်။ ၂၀၁၆ ၄လ ပိုင်းမှာ ထွက်တဲ့ version ကို 16.04 LTS Xenial Xerus လို့ခေါ်ပါတယ်။ နောက်ထွက်မယ့် 16.10 ကို Yakkety Yak လို့ နာမည်ပေးထားပါတယ်

ubuntu-logo14

Continue reading

MIUI 7 Tips & Tricks — July 2, 2016

MIUI 7 Tips & Tricks

Mi Devices နဲ့ အခြားသော MIUI rom တင်ထားတဲ့ Devices တွေမှာ သိပ်သတိမထားမိတဲ့ လျှို့ဝှက် လုပ်ဆောင်ချက်လေးတွေ ရှိပါတယ်။ တစ်ချိူ့ဟာလေးတွေက မျက်စိရှေ့မှာတင် သတိမထားမိပဲဖြစ်နေတတ်ပါတယ်။

Continue reading