NaingLinHan

Just For Note

Raspberry Pi အတွက် Operation System Install လုပ်မယ်… — November 10, 2016

Raspberry Pi အတွက် Operation System Install လုပ်မယ်…

ကျွန်တော် ဒီနေ့ Raspberry Pi အတွက် သူ့ရဲ့ official OS ဖြစ်တဲ့ Raspbian OS တင်နည်းလေးရေးပါမယ်။ Raspbian မှာ wheezy နဲ့ Jessi ဆို ပြီး နှစ်မျိူးရှိပါတယ်။ wheezy က အရင်ထွက်ထားတာဖြစ်ပြီး Jessi ကနောက်ထွက်ပါ။ UI ပိုင်းမှာ သိသိသာသာ မကွဲပေမယ့် တခြား ကွဲပြားတာတွေရှိပါတယ်။ Installation ပိုင်းကို ပြောမှာဖြစ်တဲ့ အတွက် ဒီအပိုင်းတွေ အကျယ်မပြောတော့ပါဘူး။ Raspbian ကို install လုပ်နည်း နှစ်မျိုးရှိပါတယ်။ ပထမ တစ်နည်းက Noob နဲ့တင်တဲ့နည်းပါ။ Noob OS ကို Download ဆွဲ ရလာတဲ့ zip file ကို ဖြည်ပြီး sdcard ထဲ ကူးထည့်လိုက်ရုံပါပဲ။ အရမ်းလွယ်တဲ့ အတွက် မပြောတော့ပါဘူး။ နောက်တစ်နည်းက Raspbian OS image file ကို တိုက်ရိုက် sdcard ပေါ် တင်မယ့်နည်းပါ။ ဒီနည်းကိုပဲပြောသွားပါမယ်။

raspberry-pi-logo Continue reading

Advertisements
Ubuntu For Beginner — July 7, 2016

Ubuntu For Beginner

Ubuntu မိတ်ဆက်

Ubuntu ဟာ Linux Distro တွေထဲမှာ လူသုံးအများဆုံးဖြစ်တဲ့ Debian ကို အခြေခံထားပြီး Desktop နဲ့ Server ဆိုပြီး ၂ မျိူးထွက်ပါတယ်။ Ubuntu ဆိုတာ အာဖရိက ဘာသာစကားဖြစ်ပြီး ဥဘူးတု(Oo-Bon-Tuu) လို့ အသံထွက်ပြီး တစ်ဦးနှင့် တစ်ဦးစာနာမှု၊ လူသားဆန်မှုလို့ အဓိပ္ပါယ်ရပါတယ်။ Ubuntu ကို 2004 October မှာ Canonical Ltd က စတင်ဖြန့်ချီခဲ့ပါတယ်။ Ubuntu ဟာ Open Source ဖြစ်ပြီး အခမဲ့အသုံးပြုခွင့် ပေးထားပါတယ်။ Ubuntu ကို ၄လပိုင်း မှာ တစ်ကြိမ် ၁၀လပိုင်း မှာ တစ်ကြိမ်၊ တစ်နှစ် မှာ နှစ်ကြိမ် ထုတ်ဝေပါတယ်။ Version တစ်ခုကို ကိုးလ အခမဲ့ထောက်ပံ့ပေးထားပြီး LTS(Long Term Support) ကို ၂ နှစ်မှာ တစ်ကြိမ် ထုတ်ပါတယ်။ Desktop အတွက် ၃နှစ်ထောက်ပ့ံပေးပြီး Sever အတွက် ၅နှစ် ထောက်ပံ့ပေးပါတယ်။ အသစ်အသစ်တွေကို ကြိုက်ရင် ခြောက်လ တစ်ကြိမ် Update နိုင်ပြီး stable ဖြစ်တာကြိုက်ရင်တော့ ၂ နှစ် တစ်ကြိမ် Update လုပ်နိုင်မှာပါ။ Ubuntu version တွေ ကို code တွေနဲ့ သတ်မှတ်လေ့ရှိပါတယ်။ ၂၀၁၅ ၁၀လ ပိုင်းမှာ ထွက်တဲ့ version ကို 15.10 လို့ခေါ်ပြီး Wily Werewolf လို့ နာမည်ပေးပါတယ်။ ၂၀၁၆ ၄လ ပိုင်းမှာ ထွက်တဲ့ version ကို 16.04 LTS Xenial Xerus လို့ခေါ်ပါတယ်။ နောက်ထွက်မယ့် 16.10 ကို Yakkety Yak လို့ နာမည်ပေးထားပါတယ်

ubuntu-logo14

Continue reading