NaingLinHan

Just For Note

How To Install Arduino IDE on Ubuntu — November 24, 2016

How To Install Arduino IDE on Ubuntu

Arduino Board တွေကို Program ရေးဖို့အတွက် Arduino IDE လိုပါတယ်။ ဒီနေရာမှာ install လုပ်ဖို့အတွက် 2 နည်းရှိပါတယ်။ ပထမ တစ်နည်းက Ubuntu software center ကနေ တိုက်ရိုက် download ရယူတာပါ။ ဒီနည်းရဲ့ ကောင်းကွက်ကတော့ လွယ်ပြီး Update ရှိတယ်ဆိုပြပေးပါတယ်။ ဒါပေမယ့် Arduino က ပေးတဲ့ software update တွေကို အနည်းငယ်နောက်ကျပြီးမှရပါတယ်။ ဆိုပါစို့ Arduion.cc ကနေပြီး IDE version အသစ်ထွက်တယ်ပေါ့ သူ့ရဲ့ official site ပေါ်ကို Update ထွက်ထွက်ချင်း တင်ပေးနိုင်ပေမယ့် Ubuntu software center ပေါ်ကျ ချက်ချင်းတင်လို့မရပါဘူး။ Ubuntu software center ကနေ  review လုပ်ပြီး စိတ်ချရမှ တင်တာဖြစ်တဲ့အတွက် ကြာပါတယ်။ ကိုယ့်ဘာသာ manual update လုပ်တာက ပိုမြန်မှာပါ။ Manual install လုပ်မယ်ဆို arduino.cc ကနေပြီး ကိုယ့်စက်နဲ့ကိုက်မယ့် IDE ကို Download ချပါ။ arduino-***.tar.xz ဆိုပြီး ရလာမှာပါ။  tar.xz ဆိုတာက Windows မှာလို zip တို့ rar တို့လိုမျိူး file ပါ။ Ctrl + Alt + T ကို နှိပ်ပြီး Terminal ကို ဖွင့်ပါ။ Download ထားတဲ့ file ကို /opt/ ဆိုတဲ့ Directory ထဲကို ကူးထည့်ပေးရပါမယ်။ Continue reading