ကျွန်တော်တို့ Raspberry Pi ကို Headless Mode သံုးဖို့ ssh ကနေဝင်တဲ့ အခါ.. IP ခေါ်လိုက် Password ရိုက်လိုက်နဲ့ အလုပ်ရူပ်ပါတယ်… ဒီနေ့တော့ ဒီအဆင့်တွေကို ကျော်လိုက်ရအောင်…

ပထမဆံုး ကွန်ပျူတာကနေ ssh key generate လုပ်ရပါမယ်… key generate လုပ်ဖို့အတွက် အောက်က command ကိုရိုက်ပါ…

ssh-keygen -t rsa

ssh-keyg01

generate လုပ်လိုက်တဲ့ key ကို ဘယ်မှာ save မလဲမေးပါမယ်… Enter လိုက်ပါ… သူ့ရဲ့ Default location မှာပဲ save သွားပါမယ်… နောက်တစ်ကြောင်းက Password ထည့်ဦးမလား မေးပါတယ်.. ကျွန်တော်ကတော့ မထည့်တော့ပါဘူး ဒီတိုင်းပဲ Enter လိုက်ပါမယ်…

shh_key2

ဒီလိုပေါ်လာရင်တော့ ssh key generate လုပ်တဲ့ အဆင့်ပြီးပါပြီ… သင့် home directory ရဲ့ .ssh ဆိုတဲ့ folder ထဲမှာ id_rsa နဲ့ id_rsa.pub ဆိုတဲ့ file 2 ခုကို တွေ့ရမှာပါ… Raspberry Pi ကို ssh ကနေ ဝင်တဲ့ အခါ Password အစား ခုနက generate လုပ်လိုက်တဲ့ key file 2 ခုကို တိုက်စစ်ပြီး ဝင်ပါတယ်… generate လုပ်ထားတဲ့ key file 2 ခုထဲက public key ကို Raspberry Pi ထဲ ကူးထည့်ပေးရပါမယ်…

ssh pi@IP "mkdir .ssh"

Raspberry Pi ရဲ့ Home Directory မှာ .ssh ဆိုတဲ့ Directory ကိုဆောက်လိုက်တာပါ…

scp ~/.ssh/id_rsa.pub pi@IP:~/.ssh/authorized_keys

ခုနက Generate လုပ်ထားတဲ့ Public Key ကို Raspberry Pi ရဲ့ .ssh folder ထဲကို ကူးထည့်လိုက်ပါပြီ… အကယ်၍ သင့် Raspberry Pi မှာ အခြား User တွေရဲ့ Public Key တွေရှိပြီးသားဆို အပေါ်က command တွေအစား အောက်က command ကို ပြောင်းသံုးပေးပါ… အခုမှစပြီး setup လုပ်တဲ့ သူတွေအတွက်တော့ အပေါ်က နည်းက အဆင်ပြေပါတယ်…

cat ~/.ssh/id_rsa.pub | ssh pi@10.42.0.96 "cat >> ~/.ssh/authorized_keys"

pi_key-3

shh pi@IP နဲ့ ဝင်ကြည့်ပါ… အရင်လို Password မလိုပဲ တန်းဝင်သွားပါမယ်… ဒါပေမယ့် IP တော့ ရိုက်နေရဆဲပါ..  IP မရိုက်ပဲ နာမည်လေးပေးပြီး ဝင်ကြည့်ရအောင် …

nano ~/.ssh/config

Nano Text Editor နဲ့ config ဆိုတဲ့ file တစ်ဆောက်လိုက်ပါတယ်… မိမိနှစ်သက်ရာ Editor သံုးလို့ရပါတယ်…

ssh_key4

ပံုပါအတိုင်း Host နေရာမှာ နှစ်သက်ရာ နာမည်ပေးပါ.. ကျွန်တော်ကတော့ mypi3 လို့ ပေးထားပါတယ်… Hostname နေရာမှာ IP ကို ရေးပါ… User နေရာမှာ Raspberry Pi မှာသံုးမယ့် User Name ကို ထည့်ပေးပါ.. အဆင်ပြေကျပါစေ..  🙂

Advertisements