ဒီနေ့တော့ ESP8266 ကို Arduino IDE မှာ အသုံးပြုလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြသွားပါမယ်။ ESP8266 ရဲ့အားသာချက်က wifi build in ပါတဲ့အတွက် Arduino လို shield တွေထက်ထည့်ဖို့ မလိုတဲ့အပြင် ဈေးလဲသက်သာပါတယ်။ ဒါ့အပြင် Arduino IDE မှာပါ အလွယ်တကူ အသုံးပြုနိုင်ပါသေးတယ်။ လိုအပ်တဲ့ file လေးတွေ Download လုပ်ဖို့ အတွက် Internet connection ချိတ်ဆက်ထားဖို့လိုပါမယ်။ ပထမဦးစွာ Arduino IDE ကို ဖွင့်ပြီး File >> Preferences ကိုသွားပါ။ Additional Boards Manager URL ဆိုတဲ့ နေရာမှာ အောက်က link ကို ကူးထည့်ပြီး ok ကို နှိပ်ပါ။

http://arduino.esp8266.com/stable/package_esp8266com_index.json

ပြီးရင် Tools >>Boards>>Boards Manager ကိုရွေးပြီး loading ပြီးသွားတဲ့ ထိစောင့်ပါ။ အောက်ဆုံးက ESP8266 ဆိုတာကို ရွေးပြီး install လုပ်ပေးပါ။ Download လုပ်နေပါလိမ့်မယ် ပြီးသွားရင်တော့ Boards ဆိုတဲ့ Menu မှာ ESP8266 ဆိုတာကို မြင်ရမှာပါ။ အားလုံးအဆင်ပြေပါစေဗျာ။

Advertisements