ကျွန်တော်တို့ရဲ့ အချစ်တော် raspberry pi လေးကို အသုံးပြုပြီး အိမ်မှာ ကိုယ်ပိုင် media center လေး ဖန်တီးပြီး အပန်းဖြေလိုက်ရအောင်… ဒီတစ်ခေါက်တော့ OSMC (Open Source Media Center) ကို အသုံးပြုပြီး Media Center တစ်ခု ဘယ်လိုဖန်တီးမလဲဆိုတာ ပြောပြသွားပါမယ်။ OSMC လိုပဲ တခြား Xbian တို့ OpenElec တို့ရှိပါသေးတယ် နောက်ကြုံရင်ရေးသွားပါဦးမယ်။ Online မှာဖတ်မိသလောက် Review တွေအရ OSMC က ပိုအဆင်ပြေတယ်လို့ဆိုကျပါတယ်။ OSMC မှာ kodi ဆိုတဲ့ Software ကို front end အနေနဲ့ အသုံးပြုထားပြီး သူ့ရဲ့ကိုယ်ပိုင် skin ကို သုံးထားပါတယ်။ မိမိကြိုက်နှစ်သက်ရာ skin ကို ပြောင်းလဲ အသုံးပြုနိုင်ပါသေးတယ်။ Raspberry Pi နဲ့ အဆင်ပြေမယ့် light weight skin တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

OSMC အတွက် ဘာတွေလိုမလဲ…

၁.Raspberry Pi

၂.Power Source (Recommended- 5V 2A)

၃.HDMI Cable

၄.SDCard (အနည်းဆုံး 2GB)

၅.Computer With Sdcard Reader

၆.USB Keyboard or Mouse

၇. USB Storage Devices [Optional] – Movie တွေများရင်တော့ External Harddisk တစ်လုံးလောက်ရှိရင်ပိုကောင်းပါတယ်
OSMC installer ကို ဒီကနေ Download ရယူပြီး ကွန်ပျူတာမှာ install လုပ်ပေးပါ။ ကိုယ့် Device နဲ့ ကိုက်မယ့် OSMC File ကို ရွေးပြီး Download ဆွဲပါ။ OSMC ကို Sdcard မှာ install မှာဖြစ်တဲ့အတွက် ကွန်ပျူတာမှာတက်ပြီး OSMC Installer ကို ဖွင့်ပါ။ သူပြောတဲ့ Step အတိုင်း လိုက်လုပ်သွားရုံပါပဲ။ လွယ်လွယ်လေးနော်။ အကယ်၍ သင်ဟာ Ubuntu user တစ်ဦးဖြစ်မယ်ဆိုရင် OSMC installer မသုံးပဲနဲ့ Build in ပါတဲ့ startup disk creator နဲ့တင်လုပ်လို့ရပါတယ်။ OSMC file ကို extract လုပ်ပြီး ရလာတဲ့ image file ကို ရွေးပေးလိုက်ရုံပဲ။ OSMC တင်ပြီးသား Sdcard ရပြီဆို Raspberry Pi ထဲပြောင်းထည့်ပါ။ Raspiberry Pi ကို မဖွင့်ခင် သူနဲ့ ချိတ်မယ့် TV ကို HDMI ကိုအရင်ပြောင်းပေးထားပါ။ Raspberry Pi က Detect လုပ်တဲ့အခါ HDMI ကို Detect လုပ်မိအောင်ပါ။ စစဖွင့်ချင်းမို့ အနည်းငယ်ကြာပါမယ် installation process ပြီးတဲ့ အထိစောင့်ပေးပါ။ OSMC အတွက် Remote ကို USB Keyboar နဲ့  Mouse ကို သံုးလို့ရသလို။ ဖုန်းနဲ့ Control ဖို့အတွက် APP ကို လဲ ဒီကနေ ရယူနိုင်ပါသေးတယ်။ Phone နဲ့ Control မယ်ဆိုရင်တော့ Raspberry Pi ကော Phone ကော network တစ်ခုထဲမှာ တူတူရှိနေဖို့တော့လိုမယ်နော်။

 

Advertisements