Ubuntu ကွန်ပျူတာ နှစ်လုံး အချင်းချင်း network တစ်ခုတည်ဆောက်ပြီး File sharing အကြောင်းလေးပြောပြသွားပါမယ်။ Ethernet ကနေ file sharing အကြောင်းပြောသွားပါမယ်။ Ethernet ရဲ့ မြန်နှုန်းကြောင့် File size အကြီးတွေကို တခဏ အတွင်းမှာ share နိုင်မှာပါ။ ကျွန်တော် စမ်းကြည့်တာတော့ 52MB/s ထိရပါတယ်။ Google ကြည့်မိသလောက် Ethernet ရဲ့ မြန်နှုန်းက 100MB/s လို့ဆိုပါတယ်။ ကျွန့်တော့ Harddisk ရဲ့ write speed ကြောင့် 52 လောက်ပဲတက်တာဖြစ်နိုင်ပါတယ်။ ပထမဆုံး Pc to Pc ဖြစ်တဲ့ အတွက် Crossover Network Cable တစ်ချောင်းလိုပါမယ်။ ပြီးရင် စက်နှစ်ခုစလုံးမှာ samba install ထားရပါမယ်။ samba မရှိသေးရင် ဒီ command နဲ့ သွင်းပေးပါ။

sudo apt-get update
sudo apt-get install samba

ပြီးရင် Cable ကို စက်မှာတက်ပြီး အပေါ်က Unity Bar လေးမှာရှိတဲ့ network icon လေးကိုနှိပ်ပါ။ အောက်ဆုံးက Edit Connections … ပြီးရင် Ethernet က Wire Connection ဆိုတာကို ရွေးပြီး Edit ကို နှိပ်ပါ။ IPV4 Tab ကို သွားပြီး Method က Manual ကို ပြောင်းပေးပါ။ ပထမ စက်မှာ အောက်က Address ဇယားမှာ IP ကို 10.0.0.1 နဲ့ Net Mask ကို 255.255.255.0 လို့ပြောင်းပေးပါ။ ဒုတိယ စက်မှာ IP ကို 10.0.0.2 နဲ့ Net Mask ကို 255.255.255.0 လို့ပေးပါ။ ဒီနေရာမှာ IP ကို အဆင်ပြေသလို ပေးလို့ရပါတယ်။ ရှေ့ ၃တွဲက တူပြီး နောက်ဆုံးအတွဲက မတူရဘူးနော်။ lan01

ဒီအဆင့်ပြီးရင်တော့ Connection အဆင့်ပြီးပါပြီ။ Connection မှန်မမှန် ping ပြီးစစ်ကြည့်လို့ရတယ်နော်။
File share မယ့် အဆင့်ရောက်ပါပြီ.. share ချင်တဲ့ folder ကို right click နှိပ်ပြီး Local Network Share ကို ရွေးပေးပါ။ Share this folder နဲ့ Guest access ကို အမှန်ခြစ်ပေးပါ။ read write permission ပါပေးချင်ရင်တော့ အလယ်က ဟာကိုပါ အမှန်ခြစ်ပေးပါ။ တခြားစက်ကနေ ထို folder ကိုဖွင့်ဖို့အတွက် file manager ကို ဖွင့်ပြီး ဘယ်ဘက် အောက်ဆုံးက connect to server ကိုရွေးပြီး smb://IP/Folder လို့ထည့်ပါ။ IP နေရာမှာ တစ်ခြားစက်ရဲ့ IP ကိုထည့်ပါ.. Folder နေရာမှာ share ထားတဲ့ folder ကို ထည့်ပေးပါ။ အဆင်ပြေပါစေ ….

Advertisements