ကျွန်တော် ဒီနေ့ Raspberry Pi အတွက် သူ့ရဲ့ official OS ဖြစ်တဲ့ Raspbian OS တင်နည်းလေးရေးပါမယ်။ Raspbian မှာ wheezy နဲ့ Jessi ဆို ပြီး နှစ်မျိူးရှိပါတယ်။ wheezy က အရင်ထွက်ထားတာဖြစ်ပြီး Jessi ကနောက်ထွက်ပါ။ UI ပိုင်းမှာ သိသိသာသာ မကွဲပေမယ့် တခြား ကွဲပြားတာတွေရှိပါတယ်။ Installation ပိုင်းကို ပြောမှာဖြစ်တဲ့ အတွက် ဒီအပိုင်းတွေ အကျယ်မပြောတော့ပါဘူး။ Raspbian ကို install လုပ်နည်း နှစ်မျိုးရှိပါတယ်။ ပထမ တစ်နည်းက Noob နဲ့တင်တဲ့နည်းပါ။ Noob OS ကို Download ဆွဲ ရလာတဲ့ zip file ကို ဖြည်ပြီး sdcard ထဲ ကူးထည့်လိုက်ရုံပါပဲ။ အရမ်းလွယ်တဲ့ အတွက် မပြောတော့ပါဘူး။ နောက်တစ်နည်းက Raspbian OS image file ကို တိုက်ရိုက် sdcard ပေါ် တင်မယ့်နည်းပါ။ ဒီနည်းကိုပဲပြောသွားပါမယ်။

raspberry-pi-logo

Requirements

  • Raspberry Pi
  • Sdcard (အနည်းဆုံး 4GB ရှိရပါမယ်)
  • Micro USB Cable & 5V Adapter (ဖုံးအားသွင်းတဲ့ ကြိုးနဲ့ ရပါတယ် အနည်းဆုံး 700mA ရှိပါမယ်)
  • Display ပြဖို့အတွက် TV သို့ Monitor တစ်လုံးလိုပါမယ်
  • မိမိ Display နှင့် အဆင်ပြေမယ့် Cable လိုပါမယ် (Pi3 မှာတော့ HDMI ပေါက်ပဲ ပါတော့တဲ့အတွက် HDMI လိုပါမယ်၊ အကယ်၍ Display မှာ VGA ပေါက်ပဲပါတယ်ဆို HDMI to VGA Adapter လိုပါမယ်။)
  • USB Mouse, Keyboard လိုပါမယ် Wire နဲ့ ကော Wireless ကော အဆင်ပြေရာသုံးနိုင်ပါတယ်။
  • Sdcard အတွက် ကွန်ပျူတာမှာ slot သက်သက်မပါရင် Card Reader လိုပါမယ်

အကယ်၍ Display မရှိရင်လဲ မပူပါနဲ့ မိမိကိုယ်ပိုင် Desktop သို့ Laptop ကနေ Pi ကို Head less mode နဲ့ သုံးလို့ရပါတယ်။ Network Cable တစ်ချောင်းတော့ လိုပါမယ်။

Windows မှတဆင့် Raspbian OS ရေးနည်း

  1. ပထမဆုံး ဒီကနေ Raspbian ကို download ရယူပါ။
  2. ရလာတဲ့ zip file ကို ဖြည်လိုက်ပါ။ 2GB ဝန်းကျင်ရှိတဲ့ img file ရပါမယ်။
  3. img file ကို Sdcard မှာရေးဖို့အတွက် Win32DiskImager လိုပါမယ်။ ဒီနေရာမှရယူပါ။
  4. Win32DiskImager ကိုဖွင့်ပါ။ အောက်ကပုံအတိုင်း img ဖိုင်နဲ့ Sdcard ကို ရွေးပေးပါ။ ဒီအဆင့်မှာ Sdcard မှားမရွေးဖို့လိုပါတယ်။ မှားရွေးမိရင် Data တွေပျက်စီးနိုင်ပါတယ်။ ပြီးတဲ့ထိစောင့်ပါ။ ဒီအဆင့်ပြီးရင်တော့ Raspbian တင်ပြီးသား Sdcard ရပါပြီ။

Linux မှတဆင့် Raspbian OS ရေးနည်း

Ubuntu User များအနေနဲ့ Startup Disk Creator နဲ့ ရေးလို့ရပါတယ်။ Unity search မှာ ရိုက်ရှာပြီး ရေးနိုင်ပါတယ်။ တခြား Distor တွေတော့ မသုံးဘူးလို့ ဒီလို software ပါမပါ မသိပါဘူး။ command line က Linux Distor တွေအားလုံးအတွက် အဆင်ပြေမှာပါ။

  1. Ctrl + Alt + T နှိပ်ပြီး Terminal ခေါ်ပါ။ image ရိုက်မယ့် sdcard ကို ဖြုတ်ထားပါ။ df -h လို့ရိုက်ပါ။ အောက်ပါအတိုင်း မြင်ရမှာပါ။ မိမိ ကွန်ပျူတာမှာ mount လုပ်ထားတဲ့ Device တွေကိုမြင်ရမှာပါ။rpi1
  2. Sdcard ကို တပ်ပြီး နောက်တစ်ကြိမ် df -h လို့ ထက်ရိုက်ပါ။ ဒါဆိုရင် အောက်က အတိုင်း device အသစ်တစ်ခု တိုးလာတာတွေ့ရမှာပါ။ ကျွန်တော့ ဆီမှာတော့ /dev/sdb1 ပါ။ ပေါ်လာတဲ့ နာမည်ကို မှတ်ထားပါ။ ဒီနေရာမှာ Linux ရဲ့ နာမည်ပေး ပုံလေးတွေကို အနည်းငယ်ပြောပြပါမယ်။ device တစ်ခုဆီအတွက် a b c နဲ့ သက်မှတ်ပြီး သူ့ရဲ့ Partition တွေအတွက် 1 2 3 နဲ့ သက်မှတ်ပါတယ်။ ဥပမာ ကျွန်တော့ harddisk မှာ partition 7 ခုရှိပါတယ်။ ကျွန်တော့ ကွန်ပျူတာမှာ Harddisk တစ်လုံးပဲ ရှိတဲ့ အတွက် sda လို့ ပုံမှာမြင်ရမှာပါ။ partition 6 နဲ့ 7 ကို mount လုပ်ထားတဲ့ အတွက် sda6 နဲ့ sda7 ကို မြင်ရမှာပါ။ အကယ်၍ Device တစ်ခုထပ်တပ်လိုက်ရင် sdb နောက် တစ်ခုထပ်တပ်မယ်ဆို sdc လို့ပေါ်ပါမယ်။ ကျွန်တော့ရဲ့ Sdcard မှာ partition တစ်ခုပဲရှိတဲ့အတွက် sdb1 လို့ပေါ်တာပါ။rpi2
  3. ပြီးရင်တော့ sdcard ကို unmount ပြန်လုပ်ရပါမယ်။ umount /dev/sdb1 လို့ရိုက်ပါ။ အကယ်၍ sdcard မှာ partition တစ်ခုထက် ပိုပြီးရှိတယ်ဆိုရင် တခြား partition တွေကိုပါ Unmount လုပ်ပေးပါ။ ဒီနေရာမှာ သတိထားရမှာက command line မှာ unmount ရဲ့ အတိုကောက် umount လို့သုံးပါတယ်။
  4. download ထားတဲ့ image file ကို Home Directory ထဲသို့ကူးထည့်ထားပါ။
  5. image ရေးဖို့အတွက် အောက်က command ကိုရိုက်ပါ။sudo dd bs=1M if=~/2016-05-27-raspbian-jessie.img of=/dev/sdb1

    sudo ကတော့ super user do ပါ။ root အနေနဲ့ run ဖို့အတွက်သုံးပါတယ်။ dd ကတော့ သူ့ရဲ့ disk image ရိုက်ဖို့ပါ။ bs=1M က 1MB/s နဲ့ ကူးမယ်လို့ပြောတာပါ။ 4M သုံးလဲရပါတယ် စိတ်ချရအောင် 1M ကို သုံးထာတာပါ။ if= ရဲ့အနောက်က image file ရဲ့ directory ပါ။ of= ရဲ့နောက် ကတော့ device ရဲ့ directory ပါ။ နည်းနည်းကြာပါမယ်။ ပြီးသွားရင်တော့ Raspbian တင်ပြီးသား sdcard လေးရပါပြီ။

    rpi3

rpi4

 

Click Here To Download PDF file

 

 

 

 

 

 

 

 

 

Advertisements