imagesUbuntu မှာ တစ်ချိူ့  software တွေက shortcut မပါပါဘူး command line နဲ့ ရိုက်ပြီး ဖွင့်ရတာမျိူးတွေရှိပါတယ်။ command line တွေရှည်လို့ မမှတ်မိမှာ စိုးရင် shortcut လေးတွေလုပ်ထားပြီး အလွယ်ဖွင့်လို့ရအောင် ဒီလိုလေး လုပ်ထားလို့ရပါတယ်။ ပထမ gnome panel ရှိဖို့လိုပါမယ်။ အရင်က gnome tweak tool သွင်းထားရင် သွင်းစရာမလိုပါဘူး။ မသွင်းရသေးရင်တော့ အောက်က command ရိုက်ပြီးသွင်းပါ။

sudo apt-get install --no-install-recommends gnome-panel

ပြီးရင် Alt + F2 ကို နှိပ်ပါ။ ပေါ်လာတဲ့ search box မှာ အောက်က command ရိုက်ထည့်ပါ။

gnome-desktop-item-edit --create-new ~/Desktop

ဒါဆို အောက်က အတိုင်း ပေါ်လာတဲ့ box မှာဖြည့်ပါ။ ကျွန်တော်အခု xampp ကို စမ်းပြထားပါတယ်။ xampp ကိုဖွင့်ဖို့ အတွက် Command: ဆိုတဲ့ နေရာမှာ  xampp ရဲ့ command ဖြစ်တဲ့ sudo /opt/lampp/lampp start ကိုထည့်ပါတယ်။ ဒါဆိုရင် Start XAMPP ဆိုတဲ့ နာမည်နဲ့ shortcut တစ်ခု Desktop မှာပါ်လာမှာပါ။

xampp-start

အပေါ်က နည်းက Desktop မှာပဲ icon လေးပဲမြင်ရပါသေးတယ်။ Unity launcher မှာ မြင်ချင်တယ်ဆို အောက်က command ရိုက်ပြီး home/local/share/applications ဆိုတဲ့ directory ထဲကို shortcut file ရွှေ့ပေးရပါမယ်။ ဒီ command ကို သုံးပြီး ရွှေ့လဲရပါတယ်။ ဒါဆိုရင်တော့ unity launcher မှာ ရှာလို့ရပါပြီ။ 😀

mv ~/Desktop/SHORTCUT-NAME.desktop ~/.local/share/applications/SHORTCUT-NAME.desktop
Advertisements