ကျွန်တော်တို့ Ubuntu တင်ပြီးပြီဆို Driver တွေကို Update လုပ်သင့်ပါတယ်။ Ubuntu မှာ Driver တော်တော်များများ ပါပြီးဖြစ်ပေမယ့် License နဲ့ Driver တွေမဟုတ်ပဲ Open Source Driver တွေပါ။ Hardware ထုတ်တဲ့ ကုမ္ပဏီ ကနေ ထုတ်ထားတဲ့ Proprietary Driver တွေကို သုံးဖို့ အကြံပြုချင်ပါတယ်။ Ubuntu က Open Source ဖြစ်တဲ့အတွက် Open Source License တွေကိုပဲ Preinstall အနေနဲ့ထည့်ပေးတာပါ။ Additional Drives လို့ရိုက်ပြီးရှာလိုက်ပါ။ ကိုယ့်စက်နဲ့ ကိုက်မယ့် Driver တွေ တွေ့ရမှာပါ။ ကြိုက်တဲ့ Driver ကို install လုပ်နိုင်မှာပါ။ အကယ်၍ Driver download လုပ်လို့မရရင် Ubuntu Software ဆိုတဲ့ Tab ကိုသွားပြီး Download from Main sever လို့ပြောင်းပေးပါ။

Driver

ကျွန်တော့စက်နဲ့ ပါပြီးသား Graphic Driver ကသိပ်မကိုက်လို့ ဖြစ်မယ် သုံးနေရင်း အပြင် ခဏသွားဖို့ Suspend လိုက်တယ်။ ပြန်ဖွင့်တော့ ဘာမှပေါ်မလာပဲ blank screen ကြီးပဲပေါ်တယ်။ အဲ့ဒါနဲပဲ power ခလုပ်ဖိထားပြီး force off လိုက်ရတယ်။ ပြန်ဖွင့်တော့ lighdm (Lock Screen) ထိအဆင်ပြေတယ်။ Login ဝင်လိုက်ရင် blank ဖြစ်သွားတယ် Guest နဲ့ ဝင်တော့ အဆင်ပြေတယ်။ Guest နဲ့ က Permission အပြည့်မရတော့ Driver ပြောင်းဖို့က အဆင်မပြေပြန်ဘူး။ ဒါနဲ့ပဲ Google ပြီး အမျိူးမျိူးစမ်းတယ် အဆင်မပြေဘူး နောက်တော့ ဟိုနဲနဲ ဒီနဲနဲ လုပ်ရင်းနဲ့ အဆင်ပြေသွားတယ်။ အကယ်၍ ကျွန်တော့လိုမျိူးဖြစ်ခဲ့ရင် စမ်းကြည့်လို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ လုပ်တုန်း က screenshot ဖို့မေ့သွားတဲ့အတွက် စာနဲ့ပဲရေးလိုက်ပါမယ်။ Ctrl + Alt + F1 နှိပ်လိုက်ရင် tty (teletypewriter) ထဲဝင်သွားပါမယ်။ User name နဲ့ Password ရိုက်ပြီး Login ဝင်ပါ။ startx လို့ရိုက်ပြီး GUI mode ထဲဝင်ပါ။ ကျွန်တော့ဆီမှာတော့ wallpaper နဲ့ desktop ပေါ်က folder ပဲပေါ်ပါတယ်။ Menu ကော Unity Launcher Bar ကော မပေါ်ပါ shortcut လဲသုံးလို့မရပါဘူး။ Launcher Bar နဲ့ Menu Bar ပေါ်ရင်တော့ wifi ချိတ် Addition Drivers ဖွင့်ပြီး install လုပ်လိုက်ရင်ရပါပြီ။ GUI Mode ကောင်းကောင်း အလုပ်မလုပ်ရင် Right Click ပြီး Terminal ကိုဖွင့်ပါ။ Right-click-Terminalifconfig wlan0 လို့ရိုက်ပြီး Enter ခေါက်ပါ။ wlan0 ဆိုတာက Wireless Card ရဲ့နာမည်ပါ Default တော်တော်များများ wlan0 ကိုသုံးကျပေမယ့် အချိူ့စက်တွေမှာ အနည်းငယ်ကွဲလွဲနိုင်ပါတယ်။ ပြီးရင် iwconfig wlan0 essid NAME key PASSWORD ရိုက်ပြီး enter ပါ။ NAME နေရာမှာ wifi နာမည်ထည့်ရမှာဖြစ်ပြီး PASSWORD နေရာမှာ wifi ရဲ့ password ထည့်ပေးရပါမယ်။ ပြီးရင် dhclient wlan0 လို့ရိုက်ပါ။ ဒါဆို wifi ချိတ်တဲ့အဆင့်က ပြီးပါပြီ။ အရင်က ချိတ်ဖူးတဲ့ wifi ဆို ဒီအဆင့်ကို ကျော်နိုင်ပါတယ်။ Driver ကို အရင်က download လုပ်ဖူးတယ်ဆို ဒီအဆင့်ကို ကျော်နိုင်ပါတယ်။ ပြီးရင် terminal မှာ software-properties-gtk –open-tab=4 လို့ရိုက်ပါ။ Addition Drivers ထဲရောက်သွားပါမယ်။ အဆင်ပြေမယ့် Driver တစ်ခုကို Apply လုပ်လိုက်ရင်ရပါပြီ။ 😊

Advertisements