လျှပ်စစ်မိတ်ဆက်

လျှပ်စစ်ကိုဂရိလူမျိူး တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ဝန်းကျင်လောက်ထဲက စတင် တွေ့ရှိခဲ့ သော်လည်း ၁၉ ရာစုနှောင်းပိုင်းမှ လက်တွေ့ စတင် အသုံးပြုနိုင်ခဲ့ပါတယ်။ ပယင်း ကို သားမွေး နဲ့ ပွတ်တိုက်လိုက်လျှင် ငှက်မွှေး၊ သစ်ရွက်ခြောက် စသည့် ပေါ့ပါးတဲ့ အရာဝတ္ထုတွေကို ဆွဲငင်ရာမှ တည်ငြိမ်လျှပ်စစ်(static electricity) ကိုစတင်တွေ့ရှိခဲ့ပါတယ်။

ATOMS
လျှပ်စစ် ကို နားလည်ဖို့ဆိုရင် atom ကနေပဲစရပါမယ်။ ရှိရှိသမျှ အရာဝတ္ထုတွေကို atom လို့ခေါ်တဲ့ အမှုန်လေးတွေ နဲ့ တည်ဆောက်ထားပါတယ်။ Atom မှာ electron, neutron, နဲ့ proton ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ အသေးဆုံး atom ဖြစ်တဲ့ hydroge atom မှာ proton တစ်လုံး နဲ့ electron တစ်လုံးပါဝင်ပါတယ်။

Helium က nucleus မှာ proton နှင့် neutron ပေါင်းစပ်ပါဝင်တဲ့ အသေးဆုံး atom ပါ။ Proton က အဖိုဓာတ်(positive charge) နဲ့  Electron က အမဓာတ်(negative charge) ဖြစ်ပြီး၊ Neutron ကတော့ ဓာတ်မဲ့(no charge) ပါ။ Atom ရဲ့အလည်မှာ nucleus လို့ခေါ်တဲ့ proton နဲ့ neutron အစုအဝေး ရှိပါတယ်။ proton က အဖိုဓာတ်ဖြစ်ပြီး neutron က ဓာတ်မရှိသောကြောင့် nucleus က အဖိုဓာတ်ဆောင်ပါတယ်။ Nucleus ကို electron တွေက စက်ဝိုင်းပုံပတ်လမ်း ပေါ်မှာ လှည့်ပတ်နေပါတယ်။ နောက်ဆုံး သိပ္ပံစမ်းသတ်ချက်တွေအရ proton နဲ့ neutron ရဲ့ အလေးချိန်က electron ထက် ၁၈၃၈ဆ ပိုပြီး electron ရဲ့အရွယ်အစားက proton ရဲ့တစ်ထောင်ပုံတစ်ပုံသာ ရှိတယ်လို့ဆိုပါတယ်။

THE LAW OF CHARGES

Atom တွေရဲ့အခြေခံနိယာမ ကတော့ law of charge ပါ။ မျိူးတူလျှင် တွန်းကန်ပြီး၊ မျိူးမတူလျှင် ဆွဲငင်ပါတယ်။  ထို့ကြောင့် electron  အမဓာတ် ဟာ nucleus အဖိုဓာတ် နဲ့ ဆွဲငင်ပြီး သူ့ရဲ့ပတ်လမ်းပေါ်မှာ မြဲမြံစွာ တည်ရှိနိုင်တာပါ။

ELECTRON ORBITS

Nucleus ကို ဗဟိုပြုပြီး electronများ လှည့်ပတ်နေတဲ့ လမ်းကြောင်းကို electron orbit (သို့) electron shell လို့ခေါ်ပါတယ်။ Shell တစ်ခုမှာ ဝင်ဆံ့နိုင်တဲ့ electron အရေအတွက်ကို 2N² ဆိုတဲ့ ပုံသေနည်းနဲ့ တွက်ပါတယ်။

N = number of orbit or shell

ဥပမာ။ ။ ပထမပတ်လမ်း     2 × 1² = 2

ဒုတိယပတ်လမ်း   2 × 2² = 8

တတိယပတ်လမ်း  2 × 3² = 18

ထိုကြောင့် တတိယပတ်လမ်းတွင် Electron အများဆုံး ၁၈ လုံးထိ ဝင်ဆန့်ပါတယ်။

VALENCE ELECTRONS

အပြင်ဘက်ဆုံး ပတ်လမ်း(shell) မှာ ရှိတဲ့ electron တွေကို valence electron လို့ခေါ်ပါတယ်။ Valence electron တွေက လျှပ်စစ်ဓာတ် ကို ရှင်းပြရာမှာ အလွန်အရေးပါ ပါတယ်။ လျှပ်ကူးပစ္စည်း(conductor) တွေမှာ valence electron တစ်လုံး နှစ်လုံးသာ ပါဝင်ပြီး လျော့ရဲစွာတည်ရှိနေပါတယ်။ ရွှေ၊ ငွေ ၊ ကြေးနီ နဲ့ ရွှေဖြူ(Platinum) တို့ဟာ valence electron တစ်လုံးတည်းပါတဲ့ အလွန်ကောင်းတဲ့ လျှပ်ကူးပစ္စည်း(conductor) တွေပါ။ အကောင်းဆုံး လျှပ်ကူးပစ္စည်း(conductor) က ငွေ ဖြစ်ပြီး သူ့နောက်မှာ ကြေးနီ ရွှေ နဲ့ အလူမီနီယမ် ဖြစ်ပါတယ်။ Valence electron နဲလေ လျှပ်ကူးမှု ကောင်းလေပါပဲ။

ELECTRON FLOW

Electron တွေ atom တစ်ခုကနေ တစ်ခု ပြောင်းခြင်း စီးဆင်းခြင်းကနေ current ဖြစ်ပေါ်လာပါတယ်။ အလွယ်ပြောရရင် electron flow ဟာ current ပါပဲ။ Atom တစ်ခုရဲ့ electron တစ်လုံးက အခြား atom တစ်ခုရဲ့ electron ကို ဝင်တိုက်ခြင်းမှ current စီးဆင်းမှုကိုဖြစ်ပေါ်စေပါတယ်။ ဘိလိယပ် ထိုးတာနဲ့ အလားသဏ္ဌန်တူပါတယ်။

Electron တွေ တစ်လုံးနဲ့ တစ်လုံး တိုက်မိရာမှ အပူဖြစ်ပေါ်စေပါတယ်။ ထို့ကြောင့် current အလွန်စီးနေတဲ့ wire တွေ ပူနေတတ်တာပါ။ Valence electron နှစ်လုံးရှိတဲ့ atom ကို ပြင်ပမှ electron တစ်လုံးက လာတိုက်တဲ့အခါမှာ ဝင်တိုက်တဲ့အားက နှစ်လုံးကို မျှတိုက်ရတဲ့ အတွက် အားက တစ်ဝက်ခန့်သာ သက်ရောက်နိုင်ပါတယ်။ ထို့ကြောင့် valence electron နဲလေ လျှပ်စီးမှု ကောင်းလေပါပဲ။

INSULATORS

Valence electron ၇လုံး နှင့် ၈လုံး ပါတဲ့ atom နဲ့ဖွဲ့စည်းထားတဲ့ ပစ္စည်းတွေကို လျှပ်ကာပစ္စည်း(insulator) လို့ ခေါ်ပါတယ်။ လျှပ်စစ် စီးဆင်းမှု ကို တားဆီးပေးတဲ့ ပစ္စည်းပါ။ Valence shell မှာ electron  တွေ အပြည့် (သို့) ပြည့်လုနီးပါး ရှိနေသောကြောင့် ပြင်ပမှ electron ဝင်တိုက်ဖို့ အလွန်ခက်ပါတယ်။ ထို့ကြောင့် လျှပ်စစ် စီးဆင်းမှု မရှိပါဘူး။ ရာဘာ၊ ပလက်စတစ်၊ မှန် နဲ့ သစ်သား တို့ဟာ လျှပ်ကာပစ္စည်း(insulator) ဖြစ်ပါတယ်။

SEMICONDUCTOR

လျှပ်ကူးပစ္စည်း(conductor) လဲမဟုတ် လျှပ်ကာပစ္စည်း(insulator) လဲမဟုတ်တဲ့ ပစ္စည်းကို တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor) လို့ခေါ်ပါတယ်။ Valence electron လေးလုံးပါဝင်ပါတယ်။

Semiconductor ကိုအပူပေးလိုက်ရင် ခုခံနိုင်စွမ်း(resistance) လျော့ကျသွားတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါဟာ conductor နဲ့ ပြောင်းပြန်ပါ။ Conductor ဟာ အပူများလေ Resistance ပိုလေပါပဲ။ Semiconductor ဟာလဲ အလွန်အရေးပါ ပါတယ်။ 1947 မှာ transistor ကို တီထွင်နိုင်ခဲ့ပါတယ်။ Diodes, transistor စသည့်ပစ္စည်းတွေကို semiconductor  ကိုပေါင်းစပ်ဖွဲ့စည်းပြီး ပြုလုပ်ပါတယ်။ အသုံးများတဲ့ semiconductor တွေကတော့  silicon နဲ့ germanium ဖြစ်ပါတယ်။ Metal oxide ဟာလဲ ရေပန်းစားတဲ့ semiconductor တစ်မျိူးပါပဲ။ Metal Oxide Semiconductor(MOS) ဟာ ပါဝါစားမှုနဲတာကြောင့် နာရီ၊ ကွန်ပျူတာ၊ ဂဏန်းပေါင်းစက် နှင့် အခြားသော low power device တွေမှာသုံးပါတယ်။


MOLECULES

လျှပ်စစ်နဲ့တော့မဆိုင်ပါဘူး။ ရှေ့မှာ atom အကြောင်းပြောထားတော့ molecule နဲ့ မရောထွေးသွားအောင်ပါ။ Molecule မှာ atom နှစ်မျိူး (သို့) နှစ်မျိူးထက်ပိုမိုပါဝင်ပါတယ်။

ဥပမာ။ ။ Hydrogen atom နှစ်လုံးနဲ့ Oxygen atom တစ်လုံးပေါင်းစပ်ပြီး H2O ဆိုတဲ့ water molecule တစ်ခုရပါတယ်။

အောက်ပါ မေးခွန်းလေးတွေကို စမ်းသပ်ဖြေဆိုနိုင်ပါတယ်။
၁။ Atom တစ်ခုရဲ့ အပိုင်း၃ပိုင်းက ဘာတွေပါလဲ။ ဘယ်လိုဂုဏ်သတ္တိရှိပါသလဲ။
၂။ Electron ဟာ Proton ထက် ဘယ်နှစ်ဆ ငယ်ပါသလဲ။
၃။ Proton ရဲ့အလေးချိန်က Electorn ထက် ဘယ်နှစ်ဆ ပိုလေးပါသလဲ။
၄။ Law of Charge ကို သိပါသလား။
၅။ Valence Electron ကိုသိပါသလား။
၆။ Conductor မှာ Valence Electron ဘယ်နှစ်လုံး ပါဝင်ပါသလဲ။
၇။ Insulator မှာ Valence Electron ဘယ်နှစ်လုံး ပါဝင်ပါသလဲ။
၈။ Semiconductor မှာ Valence Electron ဘယ်နှစ်လုံးပါဝင်ပါသလဲ။

Advertisements