NaingLinHan

Just For Note

— November 2, 2016

Hello! Warmly Welcome from My Blog! Firstly, I wanna say sorry for inconvenience if you can’t read my post. I’m a Myanmar Unicode user and the aim of this blog is to remember what I did in the past. So I prefer to use standard font. Thanks!

welcome-to-our-team-our-welcoming-ministries-team-es2nzk-clipart

Raspberry PI Passwordless Access with SSH key — December 24, 2016

Raspberry PI Passwordless Access with SSH key

ကျွန်တော်တို့ Raspberry Pi ကို Headless Mode သံုးဖို့ ssh ကနေဝင်တဲ့ အခါ.. IP ခေါ်လိုက် Password ရိုက်လိုက်နဲ့ အလုပ်ရူပ်ပါတယ်… ဒီနေ့တော့ ဒီအဆင့်တွေကို ကျော်လိုက်ရအောင်…

ပထမဆံုး ကွန်ပျူတာကနေ ssh key generate လုပ်ရပါမယ်… key generate လုပ်ဖို့အတွက် အောက်က command ကိုရိုက်ပါ…

ssh-keygen -t rsa

Continue reading

Control Raspberry Pi Via Headless Mode [LAN] [Ubuntu] — December 2, 2016

Control Raspberry Pi Via Headless Mode [LAN] [Ubuntu]

Raspberry Pi ကို စပြီး လေ့လာသူတွေ အဖြစ်များတဲ့ ပြဿနာက RPI နဲ့ ချိတ်ပြီး သံုးဖို့ Display မရှိတာပါ။ အိမ်က TV  နဲ့ သံုးဖို့ကျလဲ အချိန်တိုင်း အဆင်မပြေနိုင်ဘူးလေ.. အိမ်သားတွေ ကိုရီးယားကား ကြည့်နေတဲ့အချိန် TV သွားလုလို့မှမရတာ… အော်ထုတ်ခံရမှာပေါ့ .. 😛 ဒါတွေအဆင်ပြေအောင် ဘယ်လိုလုပ်မလဲ?? အိမ်က TV ကို သံုးမရအောင် Antenna ကြိုးတွေ သွားဖြုတ်ထားမလား?? နောက်တာပါ.. TV လုဖို့ ကိစ္စကို မေ့လိုက်ပါတော့ 😛 ကိုယ့်ရဲ့ ကိုယ်ပိုင်Desktop, Laptop ကနေပဲ RPI ကို Headless Mode နဲ့ သံုးလို့ရပါတယ်။ Continue reading

Creating A Media Center (OSMC) with Raspberry Pi — November 26, 2016

Creating A Media Center (OSMC) with Raspberry Pi

ကျွန်တော်တို့ရဲ့ အချစ်တော် raspberry pi လေးကို အသုံးပြုပြီး အိမ်မှာ ကိုယ်ပိုင် media center လေး ဖန်တီးပြီး အပန်းဖြေလိုက်ရအောင်… ဒီတစ်ခေါက်တော့ OSMC (Open Source Media Center) ကို အသုံးပြုပြီး Media Center တစ်ခု ဘယ်လိုဖန်တီးမလဲဆိုတာ ပြောပြသွားပါမယ်။ OSMC လိုပဲ တခြား Xbian တို့ OpenElec တို့ရှိပါသေးတယ် နောက်ကြုံရင်ရေးသွားပါဦးမယ်။ Continue reading

Getting Start ESP8266 with Arduino IDE —

Getting Start ESP8266 with Arduino IDE

ဒီနေ့တော့ ESP8266 ကို Arduino IDE မှာ အသုံးပြုလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြသွားပါမယ်။ ESP8266 ရဲ့အားသာချက်က wifi build in ပါတဲ့အတွက် Arduino လို shield တွေထက်ထည့်ဖို့ မလိုတဲ့အပြင် ဈေးလဲသက်သာပါတယ်။ ဒါ့အပြင် Arduino IDE မှာပါ အလွယ်တကူ အသုံးပြုနိုင်ပါသေးတယ်။ လိုအပ်တဲ့ file လေးတွေ Download လုပ်ဖို့ အတွက် Internet connection ချိတ်ဆက်ထားဖို့လိုပါမယ်။ ပထမဦးစွာ Arduino IDE ကို ဖွင့်ပြီး File >> Preferences ကိုသွားပါ။ Additional Boards Manager URL ဆိုတဲ့ နေရာမှာ အောက်က link ကို ကူးထည့်ပြီး ok ကို နှိပ်ပါ။ Continue reading

How To Install Arduino IDE on Ubuntu — November 24, 2016

How To Install Arduino IDE on Ubuntu

Arduino Board တွေကို Program ရေးဖို့အတွက် Arduino IDE လိုပါတယ်။ ဒီနေရာမှာ install လုပ်ဖို့အတွက် 2 နည်းရှိပါတယ်။ ပထမ တစ်နည်းက Ubuntu software center ကနေ တိုက်ရိုက် download ရယူတာပါ။ ဒီနည်းရဲ့ ကောင်းကွက်ကတော့ လွယ်ပြီး Update ရှိတယ်ဆိုပြပေးပါတယ်။ ဒါပေမယ့် Arduino က ပေးတဲ့ software update တွေကို အနည်းငယ်နောက်ကျပြီးမှရပါတယ်။ ဆိုပါစို့ Arduion.cc ကနေပြီး IDE version အသစ်ထွက်တယ်ပေါ့ သူ့ရဲ့ official site ပေါ်ကို Update ထွက်ထွက်ချင်း တင်ပေးနိုင်ပေမယ့် Ubuntu software center ပေါ်ကျ ချက်ချင်းတင်လို့မရပါဘူး။ Ubuntu software center ကနေ  review လုပ်ပြီး စိတ်ချရမှ တင်တာဖြစ်တဲ့အတွက် ကြာပါတယ်။ ကိုယ့်ဘာသာ manual update လုပ်တာက ပိုမြန်မှာပါ။ Manual install လုပ်မယ်ဆို arduino.cc ကနေပြီး ကိုယ့်စက်နဲ့ကိုက်မယ့် IDE ကို Download ချပါ။ arduino-***.tar.xz ဆိုပြီး ရလာမှာပါ။  tar.xz ဆိုတာက Windows မှာလို zip တို့ rar တို့လိုမျိူး file ပါ။ Ctrl + Alt + T ကို နှိပ်ပြီး Terminal ကို ဖွင့်ပါ။ Download ထားတဲ့ file ကို /opt/ ဆိုတဲ့ Directory ထဲကို ကူးထည့်ပေးရပါမယ်။ Continue reading